စလောင်း ဝါသနာရှင်များ FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.

စလောင်း ဝါသနာရှင်များ FORUM

စလောင်း ဝါသနာရှင်များရဲ့ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ပါသည်။
 
HomeHome  Latest imagesLatest images  SearchSearch  RegisterRegister  Log in  
<< Sat-Myanmar Forum မှ ကြိုဆိုပါတယ်။ Register လုပ်ပြီး Login ၀င်ပေးပါ။ Guest user အနေဖြင့် ၀င်ရောက် ဖတ်ရှုနိုင်မှာ မဟုတ်ပါ။ >>

 

 ကိုဟဲမင်းရဲ့ ၈-ပေ၊ ၂-ပေ စလောင်း အခြေခံလေးပါ။

Go down 
2 posters
AuthorMessage
Min Lwin
Admin
Min Lwin


Posts : 35
Join date : 2016-08-27

ကိုဟဲမင်းရဲ့  ၈-ပေ၊ ၂-ပေ စလောင်း အခြေခံလေးပါ။ Empty
PostSubject: ကိုဟဲမင်းရဲ့ ၈-ပေ၊ ၂-ပေ စလောင်း အခြေခံလေးပါ။   ကိုဟဲမင်းရဲ့  ၈-ပေ၊ ၂-ပေ စလောင်း အခြေခံလေးပါ။ EmptyTue Sep 13, 2016 9:29 am

Credit to : ကိုဟဲမင်း (hellman)  from စလောင်းစက်အကြောင်း ပြောကြမယ်-၂


ကိုဟဲမင်းရဲ့  ၈-ပေ၊ ၂-ပေ စလောင်း အခြေခံလေးပါ။ 13592573_1801719793391520_3355057526233099341_n
ကိုဟဲမင်းရဲ့  ၈-ပေ၊ ၂-ပေ စလောင်း အခြေခံလေးပါ။ 13620698_1801710460059120_2823905346710064390_n    ကိုဟဲမင်းရဲ့  ၈-ပေ၊ ၂-ပေ စလောင်း အခြေခံလေးပါ။ 13607033_1801711586725674_4425279128513328987_n


         ယနေ့ခေတ်မှာ စမတ် မိုဘိုင်းဖုန်းတွေကို လူတိုင်းနီးနီး အသုံးပြုလာနိုင်ကြပါပြီး ဖုန်းနဲ့အတူ အသုံးဝင်တဲ့ app တွေကို တွေ့မြင်လာရပါတယ်။ ကျော်တို့ စလောင်းဆာတွေကလည်း ကျော်တို့ နယ်ပယ်နဲ့သက်ဆိုင်တဲ့ အေပီကေတွေ ရှာဖွေတင်ပြ အသုံးပြု ကြပါတယ်။ သံလိုက်အိမ်မြောင် အေပီကေ၊ ဂြိုလ်တု တည်နေရာပြ အေပီကေ၊ စလောင်း transponder ကိုစုပေးထားတဲ့ အေပီကေ၊ biss ကီးတွေ ရှာဖွေပေးတဲ့ အေပီကေ ဆိုပြီး မျိုးစုံအသုံးပြုကြပါတယ်။ ဒီနေရာမှာ ဂြိုလ်တု တည်နေရာပြ အေပီကေများ satellite finder apk များကို အသုံးပြုတဲ့အခါမှာ azimuth ဒီဂရီ တန်ဖိုး/Elevation ဒီဂရီတန်ဖိုး lnb skew တွေ၊ ဂြိုလ်တု တည်နေရာပြ ဒီဂရီတွေကို မြင်တွေ့ရမှာဖြစ်ပြီး ဆြာတွေအတွက် မစိမ်းပေမဲ့ ၀ါသနာရှင်တွေအတွက်တော့ စိမ်းနေပါမယ်။ ဒါတွေက လေ့လာကာစ ၀ါသနာရှင်အတွက်  မသိမဖြစ် သိရမဲ့ အခြေခံအကြောင်းအရာတွေပါ။ ခု အာလေးကို ကျော်သိတာလေးနဲ့ မျှဝေပါမယ်။ မှားတာရှိလည် ဆာများ သင်ပြပေးပါ။
                            အခြေခံအားဖြင့် ဂြိုလ်တုကို တည့်အောင်ချိန်ရာမှာ ဗန်းပေါ်မူတည်ပြီးနှစ် နည်း ရှိပါတယ်။
၁။ fit dish ဗန်းအသေ၊ KU နှစ်ပေဗန်းအသေ
၂။ မော်တာတပ်ဗန်းအရှင်

၁။ ဗန်းအသေ၊fix dish
            သူကတော့ ဟိုအရင်က တရုတ်ဗန်း(၆)ပေဗန်းတွေ ယိုးဒယား လေးပေဗန်တွေ၊ ku နှစ်ပေဗန်းတွေကိုပြောတာပါ။ ဗန်အသေတွေဖြစ်ပြီး ပတ်ချာလည်လှည့်ဖို့ရယ် ဗန်းအစောင့်း အနိမ့် အမြင့် ချိန်လို့ရတာပဲပါပါတယ်။
၂။ (မော်တာတပ်)
              သူက တောင် မြောက် တန်းနေတဲ့ ၀န်းရိုးအပေါ်မှာ အရှေ့မှ အနောက်တလျှောက် မော်တာအားဖြင့် လှည့်ပတ် လှုပ်ရှား ရွှေ့လျား နိုင်ပါတယ်ချိန်နည်းတွေ မပြောခင် ဂြိုလ်တု တည်နေရာနဲ့ သဘောသဘာဝ ကို ရွှီးခြင်ပါတယ် ဂြိုလ်တုတွေက ရည်ရွယ်ချက် အမျိုးမျိုးနဲ့အစားစားရှိပြီး ဆက်သွယ်ရေးနှင့် ဖျော်ဖြေရေးရြိုလ်တုတွေက ကမ္ဘာကြီးကို တစ်စက္ကန်လျှင်(6)မိုင်နှုန်းဖြင့် လှည့်ပတ်နေ
ပါတယ်၊ ကမ္ဘာကြီးရဲ့လှည်ပတ်နှုန်းအညီလည်ပတ်နေတာကြောင့် မြေပြင်ကကြည့်ရင် ဂြိုလ်တုတွေကောင်းကင်မှာ တနေရာတည်းမှာ တည်ငြိမ်စွာ ရပ်တည်နေပါတယ် (ကစားကွင်းက ကလေးတွေစီးတယ် မြင်းရဟတ်ကို မြင်ယောင်ကြည့်ပါ။ အတွင်းဘက်က မြင်းနဲ့ အပြင်ဘက်ကမြင်းက လှည့်ပတ်နှုန်းတူတူမို့ ဘယ်ချိန်ကြည့်ကြည့်ဘေးမှာပါပဲ၊ ဒီနေရာမှာ အတွင်းမြင်းက မြေပြင်ဖြစ်ပြီး အပြင်မြင်းကြ၇ိုလ်တုလို ဥပမာယူနိုင်ပါတယ်) ဒီလို့ဂြိုလ်တုတွေက အီကွေတာမျဉ်းတလျှောက် အနောက် မှ အရှေ့ နေရာယူ တည်ရှိနေပြီး သူတို့ရဲ့တည်နေရာကို ဒီဂရီနဲ့ဖော်ပြပါတယ်။ ဒီလိုဖော်ပြရာမှာ ကမ္ဘာအရှေ့ခြမ်းရှိ ဂြိုလ်တုများကို (0)မှ (180)' အတွင်း (E) နဲ့ တွဲဖော်ပြပြီး အနောက်ကမ္ဘာခြမ်းရှိ ဂြိုလ်တုများကိုတော ((w) နဲ့တွဲကာဖော်ပြပါတယ်။ စလောင်းတွေကို ချိန်တဲ့အခါ အကြမ်းအားဖြင့် အီးကွေတာ မျဉ်းတလျှောက်နေထိုင်သူများများအနေနဲ့ ဖမ်းယူရတာ
လွယ်ပါတယ် ၊ ဂြိုလ်တုတွေ အီကွေမျဉ်တလျှောက်ရှိတာမို့ တောင်/မြောက် ထမ်မံ စောင်းစရာမလိုပဲ ပလက်လှန်ပြီး
အရှေ့အနောက် လှည့်ချိန်ရင်မိပါပြီး၊ ကျနော်တို့နိုင်ငံက မြောက်ယဉ်စွန်းတန်းမျဉ်ဖြတ်သန်းသွားပြီး မြောက်ကမ္ဘာဘက်ခြမ်းမှာ တည်ရှိတာပါ။ ဒါကြောင့်ခေါင်းပေါ်တည့်တည့်ချိန်လို့မရပဲ တောင်ဘက်မှာရှိတဲ့ အီကွေမျဉ်းကို မိဖို တောင်ဘက်ကို ထပ်မံစောင်းချိန်ပေးရပါတယ် တောင်ကမ္ဘာ ဘက်ခြမ်းကတော့ မြောက်ဘက်ကို စောင်းပေးရမဲ့ သဘောပါ။ကျနော်တို့ထက် မြောက်ဘက်ရောက်လေလေတောင်ဘက်ကို ပိုစောင်းပေး ရလေလေပါပဲ။ ဒီသဘောကို သိရင် ဘယ်မြို့ရွာရောက်ရောက် စလောင်းဆာတွေက အ၇ပ်မျက်နှာ ကို ခွဲခြားသိနိုင်ပါပြီး ဘန်းစောင်းရာနေရာက တောင်ဘက်၊ မော်တာတံထိုးတာ အေ၇ှ့အနောက်ဆိုပြီးလေ။ (တစ်တန်းမှာသင်ရတဲ့ အရပ်မျက်နာသင်ခန်းစာမှာထည့် သွင်းပေးဖို့ ပညာရေးဝန်ကြီးကိုတင်ပြထားပါတယ်ခ်ခ်)
ပြန်ဆက်ပါမယ်
                    (၈)ပေဗန်းကို ချိန်တဲ့နေရာမှာ အောက်ခံထောင်တိုင်ကို (90)' တည့်မတ်ဖို့၊ လည်ချက်ဝန်ရိုး တောင်မြောက်တန်းဖို့၊ စောင်းဒေါင့် ဒီဂရီမှန်ဖို့ နဲ့ ဂြိုလ်တု တည်နေရာ သိဖို့သာ လို့ပါတယ်။lnb လှည့်ပေးစရာမလိုပါဘူး ဒီမှာအရေးကြီးတာက စောင်းထောင့် (elevation)မှန် ဖို့ပါ။
ချိန်ရာမှ တောင်ဘက်က အီကွေတာမျဉ်းကို ချိန်မှာမို့တောင် ဘက်ကို စောင်းပါမယ် မြောက်ဘက်ရောက်လေလေ ပိုစောင်းပေးရလေလေပါပဲ။ ဒီလို့စောင်းထောင့်(သို့)မတ်ထောင့်မှာ (၂)ခုရှိပါတယ် ၀င်ရိုးချောင်းအစောင်း (၀င်းရိုးချောင်း+ဗန်း) နဲ့ ၀န်းရိုးချောင်းပေါ်က ဗန်းအစောင်း ဆိုပြီး ရှိပါတယ်။ ယိုဒယား အရှင် ဗန်းတွေကို လေ့လာကြည့်ရင် အဲဒီထောင့်(၂)ခုချိန်ဖို့ ဇတ်အထိုင်မှာ ပါပါတယ်။
ဘာလို့လဲဆိုရင် ၀င်ရိုးပေါ်မှာ လည်ရတဲ့ ဗန်းရဲ့ လမ်းကြောင်းက စက်ဝိုင်းပုံပဲရပါတယ်။ လက်တွေ့မှာ အီကွေတာမျဉ်းကို ချိန်တဲ့အခါ မြောက်ဘက်ရောက်လေလေ ချိန်ရတဲ့ လမ်းကြောင်းက ဘဲဥပုံကွေးကွေးသွားလေလေပါပဲ။ (၈)ပေချိန်တဲ့ ဗန်းဆရာတွေပိုသိမှာပါ အရှေ့ အနောက် ဂြိုလ်တုမိပြီး အလယ်တည့်တည့်က ဂြိုလ်တုက signal နည်းနည်းနေတာ။ တစ်ချို့ကပြောမှာပေါ့ ပြည်တွင်းလုပ် jonsar ဗန်းတွေမှာအ စောင်း ချိန်စရာတစ်ခုပဲပါတယ် ဘာလို့မိတာလဲ လို့ဟုတ်ကဲ့ ဇတ်အတိုင်က ဗန်းမျက်နှာပြင်ကို ညှပ်ဖမ်းထားတဲ့ ဇတ်ပိုက်ကို သေချာပြန်ကြည့်ပါ နှစ်ဘက်တိဖျတ်ထားမဟုတ်ပဲ ၊တစ်ဖက်ကို အညီနဲ့ တစ်ဖက် ၀န်းရိုးအလိုက်အတိုင်းစောင်းဖျက်ထားပါတယ်။ အဲဒါ ၀င်းရိုးချောင်းပေါ်က ဗန်းအစောင်းကို တွက်ပြီးဖျက်ထားတာပါ။
၂ပေ ku ဗန်းဖမ်းယူခြင်း
             (၂)ပေဗန်းတွေ ဖမ်းမယ်ဆိုရင်တော့ အရပ်မျက်နှာအညွှန်း (azimuth )ဒီဂရီ မတ်ထောင့် (Elevation )ဒီဂရီ နဲ့ lnb skew (rotation) ဆိုတဲ့ သုံးချက်သိရပါမယ်။ azimuth က true north မြောက်အရပ်ကို (0)' ထားပြီး ပတ်ချာလည်အရှ့ကို (၉၀)' ၊တောင်ဘက်ကို (၁၈၀ံ)ထား (၃၆၀ံ) ပတ်လည်ရှိပါတယ်။ဗန်းကိုချိန်တဲ့အခါ ပတ်ချာလည်သွားတာပါ။ Elevation ကတော့ မတ်ထောင့်ပါ အီကွေတာမျဉ်းကို မိအောင် ဗန်းအစောင်းကိုချိန်တာပါ၊ မြေပြင်ကို(၀ံ)ထားပြီး ခေါင်းတည့်တည့်ကို (၉၀ံ)သတ်မှတ်ထားပါတယ်။ ဗန်းတွေမှာ အငိုက်ချိန်တဲ့နေရာ ကို ပြောချင်တာပါ။ lnb skew (rotation) က lnb ကို မူလအမှတ်မှ ဘယ်ညာ (၉၀ံ)အတွင်းလှည့်ပေးတာပါ။ ဂြိုလ်တုက လွင့်တဲ့ (H/V) အလိုက်အတိုင်း ညီအောင် ရွှေ့ပေးရတာမျိုးပါ။ ဥပမာ တီဗီလိုင်းတွေကို အလျားလိုက် horizontalနဲ့ လွင့်တဲ့အခါ ဖမ်းတဲ့ တီဗီအင်တာနာ တိုင်တွေက လည်းအလျားလိုက်ပြန်ဖမ်းရပါတယ်။ cdma ဖုန်းတိုင်းတွေက ဒေါင်းလိုက်vertical အလိုက်
လွင့်တဲ့အတွက်ဖမ်းတဲ့ အင်တာနာတိုင်တွေက ဒေါင်လိုက်တွေ ဖမ်းရသလိုမျိုးပါ။ ကျနော်လေ့လာမိသလောက်ကတော့  မိမိဒေသရဲ့ တောင်ဘက် တည့်တည့် azi (180)ံ ၊ ဂြိုလ်တုတည်နေရာဒီဂရီ (90E)ခေါင်းပေါ်တည်တည့် ဆိုရင် lnbရဲ့ အ၀င် ခေါင်းက နာရီလက်တံ (၆)နာရီတည့်တည့်မှာ ရှိပါတယ်။ ဒါက လွင့်တဲ့ h/v ဟာ ဖမ်းတဲ့ Lnb ရဲ့ h/v ၀င်းရိုးအလိုက်နဲ့တည့်နေတဲ့အချိန်ပေါ့ (ဥပမာ nss88' အရင် ipm ဂြိုလ်တု ကိုမြင်ယောင်
ကြည့်ပါ သူက (၉၀ံ) နီးနေပြီလေ) သူရဲ့ အနောက်က ဂြိုလ်တု၊ ဗန်းနောက်ကကြည့်ရင်ညာဘက် azi (၂၂၀ံ)၀န်းကျင် ထိုင်းကွန်း (၈၇.၅E)ကိုဆိုရင်
စလောင်းအ၀င်ခေါင်းက န၄း၃၀နာရီဝန်ကျင်ထားရပါမယ်။ သဘောက စလောင်းအ၀င်ခေါင်းက တောင်အရပ်ကိုညွှန်းထားရမယ်လို့မှတ်ထားပါ။ အနောက်ဘက်ရောက်လေ ပိုလှည့်ရလေပဲပုံက အတိုင်းဆိုရင် (+ skew)ပေါ့။ nss ရဲ့အရှေ့ဘက်က ဂြိုတ်တု ဗန်းနောက်ကကြည့်ရင် ဘယ်ဘက် ခုနံမည်ကြီးတဲ့ (၁၃၈ံ)ကိုချိန်ရင် နာရီလက်တံ ၇း၃၀ ၀န်းကျင်လှည့်ပေးရတယ် အ၀င်ခေါင်းက တောင်အရပ်ကိုညွှန်တာပဲလေ ပုံကအတိုင်းဆို (- skew)ပေါ့။ ရှုပ်ကုန်ဘီနဲ့တူပါတယ်။ အိုကေ ပြန်ပြောမယ် နှစ်ပေဗန်းချိန်ရင်တောင်ဘက်တည်တည့် ကိုဗဟိုပြုမယ် ဒီနေရာကိုပြောရရင်၊ ဂြိုလ်တု တည်နေရာက(၉၀ံE) ၊ အရပ်မျက်နှာအညွှန်း azimuth ဒီဂရီ ၁၈၀ံပါ ဒါဆိုရင် ၁။ elevation ဒီဂရီတန်ဖိုးအများဆုံး ( ပလက်အလန်ဆုံး) ၂။ lnb skew က (၆)နာရီ (စလောင်းခေါင်းက မြေပြင်စိုက်)
သူရဲ့ ဂြိုလ်တု တည်နေရာ (၉၀ံ)ထက်ငယ်သော ဂြိုလ်တု တစ်နည်း အရပ်မျက်နှာအညွန်း (၁၈၀ံ)ထက်များသောဂြိုလ်တု၊ တစ်နည်း ဘန်းအနောက်မှာကြည့်လျင် ညာဘက်သို့ရွှေ့ချိန်ရသော ဂြိုလ်တုဆိုလျှင်
၁။ elevation တန် ဖိုးက အနောက်ရောက်လေ ငယ်သွားလေပါပဲ ဗန်းက ပိုပိုမတ်လာပါတယ်
၂။lnb skew က (၆)နာရီထက် ငယ်ငယ်သွားပါမယ် (၃)နာရီ တစ်ဖြေးဖြေး ကပ်သွားမယ်
ဂြိုလ်တုတည်နေရာ (90)ထက်များသော  အရပ်မျက်နှာအညွှန်း azi (180)ထက်ငယ်သော၊
အရှေ့ဘက်သို့ ချဉ်းကပ်သွားသော သော ဂြိုလ်တုဆိုလျှင်
၁။ Ele က အရှေ့ရောက်လေလေ ငယ်သွားလေလေပါပဲ ဗန်းက ပိုမတ်လာပါမယ်
၂၊ lnb skewက (6)နာရီထက်များများသွားပြီး(၉)နာရီကို တစ်ဖြေးဖြေး ချဉ်ကပ်သွားပါမယ်
ဘာကြောင့် ဂြိုလ်တု တည်နေရာဒီဂရီတွေ azimuth ဒီဂရီတွေ ၊ ယှဉ်ယှဉ်ပြောတာလဲဆိုရင် အမှတ်မှားပြီး စိတ်ရှုပ်ရ တက်လို့ပါ။ ဒီလောက်သဘောတရားသိရင်  စလောင်းချိန်ရတာ အရသာရှိလာပါလိမ့်မယ် နောက်ဆုံးရွှီးချင်တာကတော့ ဒီ အေပီကေ တွေ မိမိ တည်နေရာဒေသကို အရင်သိအောင်လုပ်ပြီးမှ တန်ဖိုးတွေ တွက်ချက်ပေးတာပါ။ မိမိဖုန်းက gps ကို မအွန်ထားရင်၊ location ကို မအွန်ထားရင် အေပီကေက တွက်လို့မရပါဘူး၊ gps ကိုဖွင့်ထားပေးရပါမယ်။ မိမိ ဖုန်းတည်နေရာပြ gps မကောင်းရင် တန်းဖိုးတွေလွဲနိုင်ပါတယ်။
Back to top Go down
neglay




Posts : 3
Join date : 2018-01-04

ကိုဟဲမင်းရဲ့  ၈-ပေ၊ ၂-ပေ စလောင်း အခြေခံလေးပါ။ Empty
PostSubject: Re: ကိုဟဲမင်းရဲ့ ၈-ပေ၊ ၂-ပေ စလောင်း အခြေခံလေးပါ။   ကိုဟဲမင်းရဲ့  ၈-ပေ၊ ၂-ပေ စလောင်း အခြေခံလေးပါ။ EmptySat Jan 06, 2018 10:11 am

ကျေးဇူးတင်​ပါတယ်

ကျွန်​​တော်​တက်​သစ်​စ​တွေကိုယ်​စား
Software ရှာမ​တွေ့လို့ပါ
ကိုဟဲမင်းရဲ့  ၈-ပေ၊ ၂-ပေ စလောင်း အခြေခံလေးပါ။ 20180110
ဒီsoftware ​လေးလည်းတက်​သစ်​စအတွက်​ ​လေ့လာစရာအ​ထောက်​အပံ့ဖြစ်​အကြံပြုခ​ငေ်​ပါတယ်
Back to top Go down
 
ကိုဟဲမင်းရဲ့ ၈-ပေ၊ ၂-ပေ စလောင်း အခြေခံလေးပါ။
Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
စလောင်း ဝါသနာရှင်များ FORUM :: SATELLITE ဆိုင္ရာ :: အေျခခံ သိမွတ္ဖြယ္ရာ-
Jump to: