စလောင်း ဝါသနာရှင်များ FORUM
Would you like to react to this message? Create an account in a few clicks or log in to continue.

စလောင်း ဝါသနာရှင်များ FORUM

စလောင်း ဝါသနာရှင်များရဲ့ အခက်အခဲများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ပါသည်။
 
HomeHome  Latest imagesLatest images  SearchSearch  RegisterRegister  Log in  
<< Sat-Myanmar Forum မှ ကြိုဆိုပါတယ်။ Register လုပ်ပြီး Login ၀င်ပေးပါ။ Guest user အနေဖြင့် ၀င်ရောက် ဖတ်ရှုနိုင်မှာ မဟုတ်ပါ။ >>

 

 SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့် Firmware တင်မယ်

Go down 
2 posters
AuthorMessage
Min Lwin
Admin
Min Lwin


Posts : 35
Join date : 2016-08-27

SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့်  Firmware တင်မယ် Empty
PostSubject: SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့် Firmware တင်မယ်   SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့်  Firmware တင်မယ် EmptyThu Sep 01, 2016 9:00 pm

SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့်  Firmware တင်မယ်



SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့်  Firmware တင်မယ် KHD

       SKY NET KHD-862  စက်တွေ  Firmware ကျသွားတာတွေ ရှိတတ်ပါတယ်။ အဲ့စက်မှာ  USB ကနေ Boot အခြေအနေမှာ တင်လို့ရရင်လည်း ရမှာပါ။ ကျွန်တော်တော့ မသိသေးလို့ I.C ဖြုတ်ကူး မဲ့နည်းလမ်းလေး မျှဝေပေးလိုက်ပါတယ်။ SKY NET စက်တွေကို အာမခံ တစ်နှစ်ပေးထားတာဖြစ်တဲ့အတွက် တစ်နှစ်ကျော်တဲ့စက်များကိုပဲ စိတ်ကြိုက် ပြင်စေချင်ပါတယ်။ တစ်နှစ်အတွင်းလည်းဖြစ်တယ်၊ RSP ပို့လိုက် လို့ ပြင်မရဘူးဆိုရင်တောင် အသစ်လဲပေးတာမျိုးရှိပါတယ်။ ဒီလိုပြောရတာကလည်း တစ်နှစ်အတွင်း ၀ယ်ထားတဲ့  စက်ကို ဖွင့်ပြင်မယ်ဆိုရင် စဉ်းစားဖို့ပါ။
 
အရင်ဆုံး ထည့်မဲ့ FIRMWARE ကို 

ဒီမှာ ယူပါ။


(Firmware ကို Download ပြုလုပ်နိုင်ရန်  Register လုပ်ပြီး Login ၀င်မှသာ ဒေါင်းနိုင်မှာ ဖြစ်ပါတယ်။)

SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့်  Firmware တင်မယ် Ota
 

Firmware ကျတဲ့စက်မှာ Remote နဲ့ Power ပိတ်ထားသလို  မီးနီလင်းနေတာ ဒါမှမဟုတ် အပေါ်ကပုံလို  OTA  ပေါ်နေတာမျိုးဖြစ်နေတတ်ပါတယ်။  OTA ပေါ်တဲ့ပုံက မူရင်းပုံမရှိလို့ တစ်ခြား KHD-297 မှာပေါ်နေ တာကို တင်လိုက်တာပါ။ မီးစိမ်းကို မှိန်မှိန်လေး လင်းနေမယ်ဆိုရင်တော့ Hardware ပိုင်းပါ။
  


          KHD-862 စက်မှာ သုံးထားတဲ့  Flash I.C  က  8 M  ဖြစ်ပြီးတော့ FL064F  နဲ့ 25Q64F  (၂) မျိုး သုံးထားတာ တွေ့ပါတယ်။ တစ်ဖက်ကို 8 pin ပါတဲ့ I.C အကြီးပါ။  IC အကြီးကို ကူးလို့ရတယ်ဆိုရင်တော့ Firmware ကို IC ကူးစက်နဲ့ ကူးပေးလိုက်ရင် ရပါပြီ။
 
            IC အကြီးကို ကူးလို့ မရဘူးဆိုရင်တော့  အဲ့ဒီ IC အကြီး ကို ဖြုတ်လိုက်ရင် သူ့ရဲ့အောက်မှာ ပုံမှန် IC အသေး 25Q64 တပ်လို့ ရပါတယ်။ 25Q64 ပုံမှန် IC ဟာ 8M ဖြစ်လို့ စက်အဟောင်းတွေထဲမှာ အလွယ်တကူ ရှာမတွေ့နိုင်လည်း လျှပ်စစ်ပစ္စည်းဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ အဲ့ဒီ IC အသေးကို Firmware ထည့်ပြီး အစားထိုးပေးလိုက်ရင် ရပါပြီ။
  SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့်  Firmware တင်မယ် 20160821_133621
 
ဒီလိုလေးပေါ့ဗျာ။ ကျနော် သေချာစမ်းသပ်ပြီသားပါခင်ဗျာ။ Firmware ကြောင့်ဖြစ်တယ်ဆိုရင်တော့ ရမှာပါ။ Hardware ကြောင့်ဆိုရင်တော့ မရနိုင်ပါခင်ဗျာ။
 
 
                                                                          အားလုံးကို ကျေးဇူးတင်လျက်-
                                                                                                                                      ကိုမင်းလွင် (ကန့်ဘလူ)


Last edited by Min Lwin on Mon Sep 26, 2016 9:20 pm; edited 1 time in total
Back to top Go down
yazar htun




Posts : 2
Join date : 2016-08-26

SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့်  Firmware တင်မယ် Empty
PostSubject: Re: SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့် Firmware တင်မယ်   SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့်  Firmware တင်မယ် EmptyFri Sep 02, 2016 1:31 pm

ရှစ်ပေဆင်နည်းလေး မျှဝေပေးပါ ဆရာ
သင်ခန်းစာသဘောမျိုး အခန်းဆက်လည်းရပါတယ်
လေ့လာချင်လို့ပါ
Back to top Go down
 
SKY NET KHD-862 စက်ကို I.C ကူးစက်ဖြင့် Firmware တင်မယ်
Back to top 
Page 1 of 1
 Similar topics
-
» NL-S 3381 Firmware နှင့် အသုံးပြုပုံ
» KHD-S862 Firmwareနှင့် အသုံးပြုပုံ
» NL-S 3601 Firmware နှင့် အသုံးပြုနည်း
» SN-8218 Firmware နှင့် အသုံးပြုနည်း
» NL-S7812 Firmware နှင့် အသုံးပြုနည်း

Permissions in this forum:You cannot reply to topics in this forum
စလောင်း ဝါသနာရှင်များ FORUM :: SKY NET DTH :: HD စက္ Firmware-
Jump to: